တော်လှန်ရေး ************* ## မသတ်လည်းသေ သတ်လည်းသေ ကျွန်သက်ရှည်ဒီခရီးမှာ.... ကမ္ဘာမကြေသီချင်းတစ်ပုဒ် အောင်သပြေပန်းတဆုပ် ထောင်တန်းသရုပ် အိပ်မက်တွေနဲ့ရုန်းကြွ မလှမပဘဝတွေ ခကြွေဇာတ်သိမ်း ငြိမ်းကြစေ ရည်ရွယ်ညွှန်း သွန်းမျက်ရည် အခါခါကြွေ သွေးသက်သေနေ့ရိုင်းတွေက သမိုင်းရက်ရှည်....။ ## ဒဏ်ရာတွေနဲ့မြို့ပြများ ကျွန်ုပ်တို့အားလုံးကို တဆစ်ဆစ်ကိုက်ခဲနေကြ ခံနိုင်ရည်စွမ်းအားတွေ နာရီတိုင်းလဲပြိုစေဖို့ အကြောက်တရားတွေနဲ့ ကင်ပွန်းတပ်ကြပြီ။ ## ဘုရားရှင်ရဲ့သစ္စာဓမ္မများ သူရဲကောင်းတို့ရဲ့သြဘာသံတွေညံဝေခဲ့သမျှ ကျန်ုပ်ရော ခင်ဗျားရော ထားခဲ့ကြရပြီ။ ## စာနာ...
Posts
- Get link
- X
- Other Apps
အလွမ်းအိမ် ကောင်းကင်ကြီးက ငိုချလိုက်တဲ့အခါ တောင်ပြာတွေ ငုံ့လျှိုးသွားကြ ရေလှိုင်းပြာပြာတွေ လူးလွန့်ပြေးလွှား ကျနော် စကားပါးလိုက်တယ် ကျန်းမာပါစေ မိသားစုလေးရေ... အလွမ်းတွေသာ ပျံသန်းတတ်ရင် နှလုံးသားကို လူကြုံပါးလိုက်ပါရဲ့။ အဝေးဆိုပေမယ့် အတွေးရပ်ဝန်းမှာ သစ္စာတရားကိုခြံစည်းရိုးခတ် နံရံတစ်ချပ်မှမခြားခဲ့ဘူး..။ မဝေးဘူးဆိုပေမယ့် မနီးသေးတဲ့ ငြိမ်းချမ်းရေးအတွက် တာဝန်ကိုအသက်နဲ့ထုပ်ပိုး အလွမ်းနာကို ယုံကြည်ချက်နဲ့ထုပ်ပိုး ဘဝကို လှုပ်နှိုးနေရ.... အကာလတွေ ကျော်ပါစေ မိသားစုလေး ပျော်ပါစေ.....။ အချစ်ဆိုတာ ပေးဆပ်ခြင်း ရယူခြင်းထက် နားလည်ခြင်းဆိုတာ ပိုမှန်တယ်လို့ မိသားစုလေးက အဓိပ္ပါယ်ဖွင့်ပေးခဲ့ မေတ္တာတံတိုင်းကြီးရေ နေ့ရက်တိုင်းဟာ အားအင်တွေပဲပေါ့။ ရတဲ့အချိန်လေး ပျော်အောင်အိပ်မိတယ် အိပ်မက်ကလေးက မိသားစုအိမ်လေးထဲ ငြိမ့်ငြိမ့်လေးစီးဆင်းလို့.........။ ...
ကဗျာ
- Get link
- X
- Other Apps
အဖော် -------------- အဖေက ပြောဖူးတယ် အကောင်းတွေကြုံရင် ချမ်းသာမှုရတယ် အဆိုးတွေကြုံရင် အတွေ့အကြုံရတယ်တဲ့ မြေနိမ့်ရင်လည်းလှံစိုက်ပေါ့ လှံသွားအဆုံးက သင်ခန်းစာ ဘဝတသက်စာ သိမ်းထားမိ။ ပျံသန်းရတဲ့ဘဝ လေဒဏ် မိုးဒဏ် ပျံနေသူပဲသိရဲ့။ အပင်မမြင့်ခဲ့ပါဘူး လေသင့်ခဲ့တာကတော့ ဆန်းကျယ်တယ်.....။ အမှန်နဲ့အမှားဆိုတာ ကာလ၊ဒေသ၊ပယောဂ ရဲ့ ထုတ်ကုန်ပဲပေါ့ ထာဝရ အမှန် ၊ ထာဝရအမှား ဘယ်ဘုရားမှ မဟောခဲ့ဘူးလေ။ ဒီနေ့ဒဏ်ရာ မနက်ဖြန်မှာကျက်မှာပဲလို့ ဘဝကို သံပတ်ပေး စိတ်ဓာတ်ကို ပြန်ကောက်ယူ သတ္တိရေ....ကျနော်နဲ့အတူတူရှိနေပေးပါ။ သားနတ်သျှင်နောင်