တော်လှန်ရေး

                 *************

## မသတ်လည်းသေ သတ်လည်းသေ

      ကျွန်သက်ရှည်ဒီခရီးမှာ....

      ကမ္ဘာမကြေသီချင်းတစ်ပုဒ်

      အောင်သပြေပန်းတဆုပ်

      ထောင်တန်းသရုပ်

      အိပ်မက်တွေနဲ့ရုန်းကြွ

      မလှမပဘဝတွေ ခကြွေဇာတ်သိမ်း

      ငြိမ်းကြစေ ရည်ရွယ်ညွှန်း

      သွန်းမျက်ရည် အခါခါကြွေ

      သွေးသက်သေနေ့ရိုင်းတွေက 

      သမိုင်းရက်ရှည်....။

## ဒဏ်ရာတွေနဲ့မြို့ပြများ

    ကျွန်ုပ်တို့အားလုံးကို

    တဆစ်ဆစ်ကိုက်ခဲနေကြ

    ခံနိုင်ရည်စွမ်းအားတွေ

   နာရီတိုင်းလဲပြိုစေဖို့

   အကြောက်တရားတွေနဲ့ ကင်ပွန်းတပ်ကြပြီ။ ## ဘုရားရှင်ရဲ့သစ္စာဓမ္မများ

     သူရဲကောင်းတို့ရဲ့သြဘာသံတွေညံဝေခဲ့သမျှ

     ကျန်ုပ်ရော ခင်ဗျားရော

     ထားခဲ့ကြရပြီ။

## စာနာခြင်းတရား၏စျာပနကို

     အတ္တဖြင့်သဂြိုလ်၍

    လူအဖြစ်မှစွန့်လွှတ်သူများ

    မိုးခါးရေ သောက်ကြပြီ။

    ဒီ-မို-က-ရေ-စီ မပီ့တပီရွတ်ဆိုရင်း

    အာခံတွင်းဟာစေးကပ်

    အတွေးတွေအထပ်ထပ်

    ရေးမှတ်ကြ ဘဝရက်စွဲ

    အချို့က တိုက်ပွဲကြား လဲကျန်ရစ်ပြီ။

    ထလော့ရဲဘော်...

    တစ်ယောက်အရိုးပေါ်တစ်ယောက်နင်း

    သွေးခင်းတွေကျော်..

    ငါတို့အလံတော်တလူလူလွှင့်

    နားစွင့်ထားလိုက်ကြ

    ကမ္ဘာမကြေသီချင်းဆိုကြရအောင်။

                                            သားနတ်သျှင်နောင်


Comments