ကဗျာ
အဖော်
--------------
အဖေက ပြောဖူးတယ်
အကောင်းတွေကြုံရင် ချမ်းသာမှုရတယ်
အဆိုးတွေကြုံရင် အတွေ့အကြုံရတယ်တဲ့
မြေနိမ့်ရင်လည်းလှံစိုက်ပေါ့
လှံသွားအဆုံးက သင်ခန်းစာ
ဘဝတသက်စာ သိမ်းထားမိ။
ပျံသန်းရတဲ့ဘဝ
လေဒဏ် မိုးဒဏ်
ပျံနေသူပဲသိရဲ့။
အပင်မမြင့်ခဲ့ပါဘူး
လေသင့်ခဲ့တာကတော့ ဆန်းကျယ်တယ်.....။
အမှန်နဲ့အမှားဆိုတာ
ကာလ၊ဒေသ၊ပယောဂ ရဲ့ ထုတ်ကုန်ပဲပေါ့
ထာဝရ အမှန် ၊ ထာဝရအမှား
ဘယ်ဘုရားမှ မဟောခဲ့ဘူးလေ။
ဒီနေ့ဒဏ်ရာ မနက်ဖြန်မှာကျက်မှာပဲလို့
ဘဝကို သံပတ်ပေး
စိတ်ဓာတ်ကို ပြန်ကောက်ယူ
သတ္တိရေ....ကျနော်နဲ့အတူတူရှိနေပေးပါ။
သားနတ်သျှင်နောင်
Comments
Post a Comment